Astrology Local News

လာရောက်ဖြိုခွဲပေမယ့် အောင်မြင်စွာ ဆန္ဒဖော်ထုတ်နိုင်ခဲ့တဲ့ ပြည်သူများ

နေ့စဥ်နဲ့အမျှ တိုက်ပွဲတွေ ၊ ဗုံးပေါက်ကွဲမှုတွေ များပြားလာပေမယ့်လည်း ဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းတွေကတော့ မြန်မာနိုင်ငံ နေရာအနှံ့မှာ ထွက်ရှိနေဆဲပဲ ဖြစ်ပါတယ်။

ဒီကနေ့ မနက်မှာ ဆိုရင်လည်း ကချင်ပြည်နယ် ဖားကန့်မြို့က တာမခန်ရပ်ကွက်အတွင်းမှာ ပြည်သူများ စုရုံးဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

 

 

ဆန္ဒထုတ်ဖော်ဖို့အတွက် နံနက်ပိုင်း လူစုနေတဲ့အချိန်အတွင်းမှာပဲ စစ်သား နဲ့ ရဲတွေက အင်အား ၃၀ လောက်နဲ့ လာရောက်ဖြိုခွင်းဖို့ လုပ်ခဲ့တယ်လို့ သိရပါတယ်။သို့ပေမယ့် ပြည်သူတွေဟာ အလျင်အမြန် စုရပ်နေရာပြောင်းကာ ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။

 

 

တာမခန်ကပြည်သူတွေဟာ တပ်ဦးအလံတွေနဲ့အတူ ပြည်သူတပ်မတော် အသစ်ကိုကြိုဆိုကြ ဆိုတဲ့ စာတန်းကိုကိုင်ဆောင်ကာ လမ်းတွေထဲ လက်သုံးချောင်းထောင်ပြီး အောင်မြင်စွာ လှည့်လည် ဆန္ဒဖော်ထုတ်နိုင်ခဲ့ကြပါတယ်။

 

 

ဒီစစ်ကြောင်းမှာပါဝင်သူတွေဟာ ဖြိုခွဲခံရလုနီးနီးအခြေအနေကနေ အလျှင်အမြန်နေရာပြောင်းပြီး ဆန္ဒထုတ်ဖော်နိုင်ခဲ့တာကြောင့် ဖမ်းဆီးခံရတာမျိုးတော့ မရှိခဲ့ပါဘူး။

 

 

ဘယ်လောက်ပဲ ဖိနှိပ် ဖြိုခွဲ ခံရခံရ အလံမလိပ်ဘဲ နေ့စဥ်နဲ့အမျှ လမ်းမပေါ်ထွက်ပြီး ရဲရဲနီတဲ့ သတ္တိနဲ့ အာဏာရှင်ကို ဆန့်ကျင်တော်လှန် ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေရဲ့ သတ္တိကတော့ တကယ့်ကို လေးစားစရာပါပဲ။crd