Astrology Local News

ပူတာအိုမြို့နယ်က ​​ကောင်က​ထောင် အထက​ကျောင်းမှာ ​ကျောင်းအပ်​နေကြတဲ့ ကျောင်းသားကျောင်းသူနဲ့ မိဘပြည်သူအချို့ရဲ့ မြင်ကွင်းများ

လက်ရှိ အချိန်မှာတော့ ပြည်သူလူထုက အ တား အ ဆီး တွေ များစွာ ရှိနေပေမယ့်လည်း မိမိတို့ရဲ့ ဆ န္ဒ ကို ရသလောက်ကို ရဲဝင့်စွာနဲ့ ထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။တစ်ဖက်မှာဆိုရင်လည်း လူအများစုက စားဝတ်နေရေး ပိုပြီး ကျပ်တည်းလာကြကာ မနည်းရုန်းကန် လှုပ်ရှားနေရတာကိုလည်း တွေ့မြင်နေရတာ ပဲဖြစ်ပါတယ်။ဒါပေမယ့်လည်း အခုချိန်ထိ စည်းစည်းလုံးလုံးနဲ့ တစ်ယောက် အခက်အခဲကို တစ်ယောက်က ကူညီဖေးရင်း ရင်ဆိုင်ကျော်ဖြတ်နေကြတုန်း ဖြစ်ပါတယ်။

 

 

 

 

မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်း သားလူမျိုးပေါင်းစုံက လူထုလှုပ်ရှားမှုကြီးကို နေ့စဉ် မပြတ် မရိုးနိုင်တဲ့ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ရင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။ဒီရက်ပိုင်းမှာဆိုရင် ကျောင်းဖွင့်ရာသီကို ရောက်ရှိလာတော့မှာကြောင့် ကျောင်းသားကျောင်းသူ အများစုက ကျောင်းမအပ်ဘဲ အာ ဏာ ရှင် လ က် အော က် မှာ ကျောင်းမတက်ရေး သပိတ်တွေကို လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။

 

 

 

 

ယနေ့ မေလ(၂၄)ရက်နေ့မှာတော့ ကျောင်းအပ်စလက်ခံနေတာ ဖြစ်ပြီး ပူတာအိုမြို့နယ်က ကျောင်းသားကျောင်းသူနဲ့ မိဘပြည်သူအချို့က ကျောင်းသွားအပ်နေကြတဲ့ မြင်ကွင်းတွေကို ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။ KG တန်းနှင့်ကျောင်းသားသစ်များကို ၂၆ရက်နေ့မှ စတင်လက်ခံသွားမည်ဖြစ်​ကြောင်းကိုလည်း ပြောကြားချက်အရ သိရှိရပါတယ်။ပရိသတ်ကြီးအတွက် ပူတာအို ​​ကောင်က​ထောင် အထက​ကျောင်းမှာ ​ကျောင်းအပ်​နေကြတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ crd